ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူး စီးပွားရေးဇုန်တည် ဆောက်အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် စတင်တည်ထောင်သူတစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီ တစ်ခု အဖြစ်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ကုမ္ပဏီ ၏ ပိုင်ဆိုင်ရင်းနှီးငွေအနက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုငွေ ကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ခဲ့ရာအစုရှယ်ယာပါဝင်မှု ၅% ဖြစ်ပြီး အခြားအများပိုင်ကုမ္ပဏီ (၈) ခု အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ Read more
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် ရင်းနှီးမြှုပ်နှံမှု
