မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX) တွင်ရင်းနှီးမြုပ်နှံမှု

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Limited) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် – ၁၇၈၉/၂၀၁၅-၂၀၁၆ (ရက) (၁၄-၉-၂၀၁၅) ဖြင့် အများနှင့်သတ်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး မြန်မာအက် ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် အကျိုးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူ လယ် သမား၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကားရောင်းချသူများ၊ ပြည်ပ တင်ပို့သူများအား တိုက်ရိုက် ဆက်သွယ်ပေါင်းကူးပေးသော နိုင်ငံတကာ အဆင့်ခေတ်မှီဈေးကြီးအဖြစ် အကောင်အထည်ဖော်ရန်နှင့် Agro Commodity Exchange Center တစ်ခုပေါ် ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေး တည်ဆောက် အကောင်အထည်ဖော်ခြင်းလုပ်ငန်းကို နိုင်ငံတော်ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဈေးအနီးမြေဧက ၈၃ ဧကပေါ်တွင် လယ်ယာစိုက်ပျိုးသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ လက်ကားဈေးကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘ လစ်လီမိတက်တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတွင် ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး လီမိတက်မှ ရင်းနှီးမြှုပ်နှံငွေကျပ်သိန်း ၇၅၀၀ အား ၈.၆.၂၀၁၅ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၅) မှဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ၁၄.၁၂.၂၀၁၅ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅) ဖြင့် ကျပ်သိန်း ၇၅၀၀ အားလည်းကောင်း၊ Right Share အနေဖြင့် ၁၈.၁၁.၂၀၁၆ ရက်နေ့တွင် ကျပ်သိန်း ၅၀၀၀ အား လည်းကောင်း ထည့်ဝင်ခဲ့ပါသည်။ သို့ဖြစ်ရာ ရွှေနိုင်ငံ အရှေ့ အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက် အနေဖြင့်  Myanmar Agro Exchange Public Limited (MAEX) တွင် ကျပ်သိန်း ၂၀၀၀၀ ထပ်မံရင်းနှီးထားပြီးဖြစ်ပါသည်။ GLAD ကုမ္ပဏီအနေဖြင့် MAEX ကုမ္ပဏီ၏  ၁၂.၇ % ရှယ်ယာ ကို ရင်းနှီးမြုပ်နှံထားပါသည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (MAEX) မှ အကောင်အထည်ဖော် တည်ဆောက်လျှက် ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေး သစ်ကြီးတည်ဆောက်ရေးစီမံကိန်းတွင်  အကြီးစားပွဲရုံ/ ရုံးခန်း /လူနေ အဆောက်အဦးများ (Shop House)၊ သစ်သီးမျိုးစုံရောင်းချရေး ဆိုင်ခန်းများဈေးရုံ၊ ပန်းမန်ရောင်း ဝယ်ရေးရုံနှင့် အသားငါး၊ ပင်လယ်စာ ကုန်ခြောက်နှင့် စားဖိုဆောင်သုံး သီးနှံနှင့်ပစ္စည်း ရောင်းဝယ်ရေးရုံ ၊ စိုက်ပျိုးသူ/တောင်သူများ တိုက်ရိုက် ရောင်းချမှုဈေးရုံ ၊ ရာသီထွက်ကုန်သီးနှံဈေးရုံ၊  အသင့် ပြုပြင်ထုတ်ပိုးပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်း ဝယ်ရေးရုံ၊ တောင်သူလက်လီရောင်းချရန် စသည့်ဈေးရုံးကြီးများ ၊ ကုန်တင်ယာဉ်များနှင့် တင်ဆောင်လာသော သီးနှံများ အခြားကုန်တင်ယာဉ်များသို့ တိုက်ရိုက်ရောင်းချနိုင် မည့်နေရာ၊ ကုန်တင်ယာဉ်ရပ်နားစခန်း၊ ၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ တန်ဖိုးမြှင့် ထုတ်လုပ်/ အအေးခန်း စက်ရုံ၊ အအေးခန်းများ  (Food & Vegetable Cold Storage)၊ အဆင့်မြင့် ဈေးရုံ (Hyper Market)၊ စားသောက် ဆိုင်များ (Food Court)၊ ၈ထပ် ဟိုတယ် ၊ စက်သုံးဆီအရောင်းဆိုင် စသည်များကို အဆင့်အလိုက် (Phase by Phase) တည်ဆောက် ရောင်းချ ငှါးရမ်းသွားမည်ဖြစ်ပါသည်။ စီမံကိန်းတစ်ခုလုံး၏ ခန့်မှန်း ရင်းနှီး မြုပ်နှံမှုတန်ဖိုးမှာ ငွေကျပ် (၁၁၈.၉၉) ဘီလီယံခန့်ဖြစ်ပါသည်။
စီမံကိန်းပထမအဆင့်တွင်  ၃ ထပ်/၄ထပ် Shop House အဆောက်အဦး (၃၂) လုံး၊ သစ်သီး ဝလံ မျိုးစုံ ရောင်းချ ရေးဆိုင်ခန်းများ ဈေးရုံကြီး – (၁)ရုံ၊ ဟင်းသီးဟင်းရွက် ၊ပန်းမန်ရောင်းဝယ်ရေးနှင့် အသားငါး၊ ပင်လယ်စာ ကုန်ခြောက် နှင့် စားဖိုဆောင်သုံးသီးနှံ ပစ္စည်းယာယီ ရောင်းဝယ်ရေးရုံကြီ -(၁)ရုံ၊ တောင်သူ/ လက်လီရောင်း ဝယ်သူများ ဈေးရုံကြီး -(၁)ရုံ ၊ အဝင်အထွက် (၄)လမ်းသွား လမ်းမကြီး၊ ယာဉ်များ မှတိုက်ရိုက် ရောင်းချနိုင်သည့် ယာဉ်ရပ်နားကွင်းများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းပထမအဆင့် (၇၅)% ခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လက်ကားဈေးကြီး စတင်ဖွင့်လှစ်နိုင်ရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိပါသည်။