၂၀၂၁ ခုနှစ် (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ (၁၅)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား covid-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုအားတားဆီးကာကွယ်ရန် အတွက်လူမှုရေးအကွာအဝေး လမ်းညွှန်ချက်များနှင့် ပက်သက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များ၏ လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်း(online) အသုံးပြု၍ ၃၀- ၁၂-၂၀၂၁ ရက်နေ့(ကြာသပတေးနေ့) နေ့လည် (၂:၀၀)နာရီတိတိ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား covid-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုအားတားဆီးကာကွယ်ရန် အတွက်လူမှုရေးအကွာအဝေး လမ်းညွှန်ချက်များနှင့် ပက်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များ၏ လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်း(online) အသုံးပြု၍ ၃၀-၁၂-၂၀၂၀ ရက်နေ့(ဗုဒ္ဓဟူးနေ့) နေ့လည် (၁:၀၀)နာရီတိတိ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား (၁၆.၁၂.၂၀၁၈)ရက်၊ စနေနေ့ နံနက် (၉း၀၀) နာရီတွင် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်၊ မင်္ဂလာခန်းမတွင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် တင်ပြသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ဖြစ်ပါသည်။
ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ (၁၁) အကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး အား (၃၀ .၁၂. ၂၀၁၇)ရက်၊ စနေနေ့၊ နံနက် ၉:၀၀ နာရီတွင် အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel – ၄ လွှာ၊ ပြည် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင်တင်ပြသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည်။