About Us


ကုမ္ပဏီတည်ထောင်သည့်ရည်ရွယ်ချက်
ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် မြန်မာနိုင်ငံသား၊ စိတ်ပါဝင်စား ပြည်သူအများ အစုရှယ်ယာထည့်ဝင်နိုင်ရေး၊ အမြတ်ခွဲဝေခံစားခွင့်ရရှိရေးကို အလေးထားလျက် အစီအမံများချမှတ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ချက်များ ထားရှိပါသည်။
မူလစတင်တည်ထောင်စဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကူးသန်းရောင်းဝယ်ရေး၊ အဆောက်အဦးများ၊ စီးပွားရေး ဆိုင်ရာ ကိုယ်စားလှယ်ရုံးများ တည်ဆောက်ရန်အတွက် မြေကွက်များပေးအပ်ခဲ့ရာ အဆိုပါပေးအပ်သည့် မြေကွက်များပေါ်တွင် နိုင်ငံတော်ကိုယ်စား တာဝန်ယူတည်ဆောက်ရန်အတွက် အများပိုင်ကုမ္ပဏီတစ်ခု လိုအပ် လာခြင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်ကို ကနဦး ဦးဆောင်ဖွဲ့စည်းတည်ထောင်သူ (၇) ဦးဖြင့် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ ခွင့်ပြုချက်ဖြင့် ကနဦး စတင်တည်ထောင်ခဲ့ပါသည်။ အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး နောက် အများပိုင်ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ကုမ္ပဏီ၏လုပ်ဆောင်ချက်များအပေါ် ယုံကြည်အားထားကြ သူ ပြည်သူများအနေဖြင့် ရှယ်ယာအစုများ ထည့်ဝင်ရင်းနှီးမြှုပ်နှံလာကြခြင်းကြောင့် ထိုအရင်းအနှီးများဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်မှာ ယခုအခါ (၁၂)နှစ်ရှိခဲ့ပြီဖြစ်ပါသည်။

ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ
ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်အား မူလစတင်တည်ထောင်သူ (Founder) အောက် ဖော်ပြပါ ဒါရိုက်တာများသည် အစဉ်အလာကောင်းမွန်၍ ဂုဏ်သတင်းရှိသူ မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်း ရှင်များ၊ မူလကနဦး ဒါရိုက်တာများဖြစ်ပြီး၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်၊ ၂၀၀၇- ၂၀၀၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်များတွင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များအဖြစ် အောက်ပါ အတိုင်း တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
အမည်                   ရာထူး
(၁) ဦးဝင်းမြင့်         ဥက္ကဋ္ဌ
(၂) ဦးဝင်းအောင်     ဒုတိယဥက္ကဋ္ဌ
(၃) ဦးဇော်မင်းဝင်း  ဒါရိုက်တာ
(၄) ဦးအောင်လွင်    ဒါရိုက်တာ
(၅) ဦးစိန်ဝင်းလှိုင်   ဒါရိုက်တာ
(၆) ဦးထွန်းအောင်   ဒါရိုက်တာ
(မြန်မာညွန့်)
(၇) ဦးငြိမ်းအောင်    မန်နေးဂျင်းဒါရိုက်တာ

ကုမ္ပဏီမှဆောင်ရွက်မည့်လုပ်ငန်း
ကုမ္ပဏီသည် သင်းဖွဲ့စည်းမျဉ်းမှတ်တမ်းနှင့် ကုမ္ပဏီမှတ်ပုံတင်တွင် ပါရှိသော ရည်ရွယ်ချက်ပါ လုပ်ငန်း များ တည်ဆဲဥပဒေနှင့်အညီ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုသော ရင်းနှီးမြှုပ်နံှမှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများ အစုရှယ်ယာ ထည့်ဝင်နိုင်ပြီး ထိုက်သင့်သော အကျိုးအမြတ်ခွဲဝေခံစားခွင့် ရရှိရန်အတွက် လုပ်ငန်းများစီမံချက်ချမှတ်ပြီး မြန်မာနိုင်ငံအတွင်း ၌ဖြစ်စေ၊ ပြည်ပနိုင်ငံ၌ဖြစ်စေ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာ၊ အတတ်ပညာရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်း ဖက်စပ်(JV) လုပ်ငန်း များလည်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။