Myanmar National Telecom Holdings Public Ltd (MNTH) တွင်ရင်းနှီးမြုပ်နှံမှု

နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိမည့် MNTH အများပိုင်ကုမ္ပဏီတွင် MNTH အနေဖြင့် စုစုပေါင်း (၂၃%) Star High Public Co မှ (၂၈%) နှင့် ဗီယက်နမ် Vietel Group မှ (၄၉%) ပါဝင်ရန် သဘောတူညီခဲ့ကြပြီး GLAD အနေဖြင့် အောက်ပါကုမ္ပဏီ (၁၀)ခုနှင့်အတူပူးပေါင်းရင်းနှီးမြုပ်နှံလုပ်ကိုင်ရန်၊ ကနဦးရင်းနှီးမြုပ်နှံမှုအနေဖြင့်  USD ၁၀၀၀၀၀ အား ၁၂.၁၀.၂၀၁၅ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ်စဉ် ၄/၂၀၁၅ မှ ဆုံးဖြတ်၍ လည်းကောင်း၊ ကနဦးသုံးစွဲမည့် ရန်ပုံငွေကျပ်သိန်း ၁၀၀ ကိုလည်း ၂၃.၁၀.၂၀၁၅ ရက်နေ့ ပြုလုပ်သည့် ဒါရိုက်တာ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ထပ်မံ၍ ၂၇.၉.၂၀၁၆ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၆) မှဆုံးဖြတ်ချက်ဖြင့် ကျပ်သိန်း ၁၀၀ အား ထပ်မံထည့်ဝင်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။
(1)        International Power Generation Public CO.,Ltd
(2)        Mahar Yoma Public Co.,Ltd
(3)        Myanmar Agricultural & General Development Public Limited
(4)        Myanmar Agribusiness Public Corporation (MAPCO) Limited
(5)        Myanmar Edible Oil Industrial Public Corporation (MEICO) Limited
(6)        Myanmar Information & Communication Technology Development Corporation Ltd.
(7)        Myanmar Industries Alliances Public Limited
(8)        Myanmar Technologies and Investment Corporation Ltd.
(9)        Royal Yatanarpon Telocom Public Co.,Ltd
(10)    Shwe Pyi Tagon Telecommunication Public Co.,Ltd
အဆိုပါ MNTH တွင် ရင်းနှီးမြုပ်နှံငွေ ထပ်မံ၍ထည့်ဝင်ရန် (၂၃.၉.၂၀၁၆) နေ့တွင် ကျင်းပသော BOD အစည်း အဝေးအမှတ်စဉ် ( ၄/၂၀၁၆  ) တွင် သဘောတူညီခဲ့ကြပြီး  အမေရိကန် ဒေါ်လာ ၁ သန်း (U$ Dollar 1 Million) ထပ်မံ ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားရှိခဲ့ပါသည်။ ထပ်မံရင်းနှီးမြုပ်နှံရန် ပေးသွင်းရမည့် ငွေကို MNTH ၏လုပ်ငန်းလိုအပ်ချက်နှင့်အညီ အချိန်နှင့်တပြေးညီ ထည့်ဝင်သွားမည် ဖြစ်ပါသည်။