Director Profile

ဦးဝင်းအောင်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏  ဥက္ကဌ  ဖြစ်ပါသည်။  ရင်းနှီးမြှုပ်နှံမှု  နှင့်   အထွေထွေ ကုန်သွယ်မှု လုပ်ငန်းများ  လုပ်ကိုင်လျှက်ရှိသော အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည့် ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ မူလဦးဆောင်တည်ထောင်ခဲ့သည့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ ကုမ္ပဏီ၏ ဒုတိယဥက္ကဌ တာဝန်ကိုထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလ မှယနေ့တိုင် ကုမ္ပဏီ၏ ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။
ဦးဝင်းအောင်သည် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်လီမိတက်   ( Myanmar Thilawa SEZ Holdings Public Ltd) ၏ ဥက္ကဌအဖြစ် တာဝန်ယူဦးဆောင်နေသူတစ်ဦး  ဖြစ်ပြီး၊ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်ပေါ်အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အကြား ဦးဆောင်အားစိုက် ကြိုးပမ်းညှိနှိုင်း၍ ကြိုးစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ လုပ်ငန်း ရှင်များ နှင့်တွဲဖက်၍ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုရရှိရန်နှင့် အများပြည်သူများမှ အစုရှယ်ယာ ထည့်ဝင် နိုင်ရန် ပုဂ္ဂလိက ကဏ္ဍမှ ဦးဆောင်ညှိန်ှိုင်းခဲ့သူတစ်ဦး ဖြစ်ပါသည်။
ဦးဝင်းအောင်သည် နိုင်ငံတော်အတွက် အကျိုးရှိစေရန်နှင့် နိုင်ငံတဝှမ်းလုံးရှိ စိုက်ပျိုးသူ တောင်သူများ၊ တိုက်ရိုက်ရောင်းချသူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကား ရောင်းချသူ များ၊ ပြည်ပတင်ပို့သူများအား တိုက်ရိုက်ဆက်နွယ်ပေါင်းကူးပေးမည့် ဒညင်းကုန်း ခေတ်မီ သစ်သီးဝလံ၊ ဟင်းသီး  ဟင်းရွက် နှင့် ပန်းမာန်လက်ကားဈေးသစ်ကြီး တည်ဆောက်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် “မြန်မာ အက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက်(MAEX)” ဥက္ကဌ အဖြစ် ဦးဆောင်တည်ထောင် အကောင်အထည်ဖော်လျက် ရှိသူဖြစ်ပါသည်။
စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်မည့် Myanmar National Telecom Holdings Public Limited (MNTH) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
ထိုပြင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် – (United Nations Economic and Social Commission for Asia and the Pacific , UN- ESCAP) ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ဦးဝင်းအောင်သည် Dagon Group of Companies အားတည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် အဖြစ် ကုမ္ပဏီစတင်တည်ထောင်သည့် ၁၉၉ဝခုနှစ်ကတည်း ကစ၍ ဆက်တိုက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ Dagon Group of Companies သည် အိမ်ခြံမြေ ဖွံံံ႕ဖြိုးရေး စီမံကိန်း များကို ၁၉၉၃ ခုနှစ်ကတည်းက အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ Dagon Group of Companies သည် အိမ်ခြံမြေ လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ဈေးဝယ်စင်တာများ၊ ဘက်စုံ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ တန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ၊ မော်တော်ယာဉ် နှင့် ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချ ခြင်း လုပ်ငန်းနှင့် အပါအဝင် စီးပွားရေးလုပ်ငန်းကဏ္ဍမျိုးစုံ ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။