B.O.D

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များ

ဦးဇော်မင်းဝင်းသည် ဒါရိုက်တာအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ ပါသည်။ ဦးဇော်မင်းဝင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အများနှင့်သက်ဆိုင်သော ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (Golden Land East Asia Development Limited) ကို ကမကထပြုတည်ထောင်ခဲ့သူများအနက် အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ ဦးဇော်မင်းဝင်းသည် United Diamond Motor Company Limited ၏ ဒါရိုက်တာ အဖြစ်လည်းကောင်း၊ Myanmar Thilawa SEZ Holding Public Limited ၏ Alternate Director အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Myanmar Industries Alliance Public Limited တွင် ဒါရိုက်တာ အဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံရှိ Bellwood Co.,Ltd. နှင့် ဂျပန်နိုင်ငံ၏ Aeon Co.,Ltd. ၏အကြံ ပေးပုဂ္ဂိုလ်ဖြစ်လည်းကောင်း၊ စက်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ဦးဇော်မင်းဝင်းသည် နိုင်ငံတော်အဆင့်ဖွဲ့စည်း အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိ သော အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ဒုတိယဥက္ကဌ (၁)အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းတွင် ဥက္ကဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတွင် ဥက္ကဌအဖြစ် လည်း ကောင်း စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါသည်။ ပြည်ပစီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းအနေနှင့် အရှေ့အာရှစီးပွားရေးအကြံပေးကောင်စီ (East Asia Business Council) တွင် ၂၀၁၃ ခုနှစ်တွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဒုတိယဥက္ကဌအဖြစ်လည်းကောင်း၊ ယခုအခါ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ကိုယ်စားပြုအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါ သည်။ ASEAN အဖွဲ့အစည်းမှ ဖွဲ့စည်းထားသော ASEAN SME Advisory Board တွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (Master Degree in Science) MSc ဘွဲ့ရရှိခဲ့သူ ဖြစ်ပါသည်။


ဦးစိန်ဝင်းလှိုင်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ မန်းနေဂျင်း ဒါရိုက်တာဖြစ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (အကျိုးဆောင်စာရင်းစစ်) အဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတွင် ဥက္ကဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရုံးစိုက်သည့် Agricultural and Food Marketing Association for Asia and the Pacific (AFMA) ၏ ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ Myanmar Acme Co.,Ltd. ၏ ဥက္ကဌလည်းဖြစ်ပါသည်။


ဦးထွန်းအောင်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ ဒါရိုက်တာအဖွဲ့ ဝင်ဖြစ်ပါသည်။ ဦးထွန်းအောင်သည် မြန်မာညွန့်ကုမ္ပဏီလီမိတက်ကို ၁၉၈၉ ခုနှစ်၊ မေလတွင် ဦး ဆောင်တည်ထောင်ခဲ့သူများအနက်တစ်ဦးဖြစ်ပြီး ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာ ဝန်ထမ်းဆောင်လျက်ရှိပါသည်။
မြန်မာညွန့်ကုမ္ပဏီလီမိတက်သည် ပဲမျိုးစုံတန်ဖိုးမြင့်ထုတ်ကုန် တင်ပို့ခြင်းလုပ်ငန်းနှင့် ရာ ဘာစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဦးထွန်းအောင်သည် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ယနေ့တိုင် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


ဦးချစ်ဆွေသည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့်တပ်ရင်းမှူးတာဝန်ကို ထမ်းဆောင်ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဒုဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မေမြို့စစ်တက္ကသိုလ်မှ B.Sc , D.S.A ဘွဲ့ ရရှိခဲ့ပါသည်။


ဦးခိုင်ဌေးသည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ Trade Garden ကုမ္ပဏီလီမိတက်တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ရှိပဲမျိုးစုံနှင့်စားအုန်းဆီလုပ်ငန်းများကို လုပ်ကိုက်ဆောင်ရွက်လျက် ရှိပါသည်။ ဦးခိုင်ဌေးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ M.B.A ဘွဲ့ရရှိခဲ့ပါသည်။


ဦးအောင်ဇော်ဦး သည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ဒါရိုက်တာအဖွဲ့ ဝင်တစ်ဦးဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI)တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး  တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ယနေ့ ထက်ထိတိုင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဦးအောင်ဇော်ဦးသည် Aung Naing Thitsar Co.,Ltd ကို ၂၀၀၀ ခုနှစ်တွင် စတင်တည် ထောင်၍ လုပ်ငန်းများကိုဦးဆောင်လုပ်ကိုင်ပြီး ယနေ့ Aung Naing Thitsar Group of Companies ကြီး၏ ဥက္ကဌအဖြစ်လုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါသည်။ Aung Naing Thitsar Group of Companies သည် ဆန်စပါးအထူးပြုလုပ်ငန်းကို The Whole Supply Chain လုပ်ငန်းဆောင်ရွက်ခြင်း၊ စပါးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဒေသတွင်းနှင့်နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်း၊ တောင်သူများအတွက် Micro Financing ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးသုံးစက်ယန္တရားများ အငှါးလိုက်ဝန်ဆောင်မှုပေးခြင်း စသောအမျိုးမျိုးဝန်ဆောင်မှုများဖြင့် လည်ပတ်လျက်ရှိပါသည်။
နိုင်ငံတကာ ဘက်စုံထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်း Multimodal Transport Logistics & Shipping သည် Ro Ro Service, Container Service, Freight Forwarding နှင့် Ro Ro ကား သင်္ဘောများတွင် ကားတင်/ချခြင်း လုပ်ငန်းများကို ကျွမ်းကျင်သောကိုယ်ပိုင် Stevedoring Team များဖြင့် ဝန်ဆောင်မှုပေးသည့်အပြင် Local Inland Transportation လုပ်ငန်းများစသည်တို့ကို Port to Door, Door to Door Service များပါ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါ သည်။
မော်တော်ယာဉ်တင်သွင်း/ရောင်းဝယ်ခြင်း လုပ်ငန်းသည် အိမ်စီးကားနှင့်လုပ်ငန်းသုံး မော် တော်ယာဉ်များအားလုံးကို ဈေးကွက်လိုအပ်ချက်နှင့်အညီ Used Cars နှင့် Brand New Cars များ ကိုတင်သွင်း/ရောင်းချခြင်းနှင့် လယ်ယာသုံးစက်ပစ္စည်းများဖြစ်သော ရိတ်သိမ်းချွေလှေ့စက်နှင့် ထွန်စက်ကိုလည်း Japan နိုင်ငံမှ တင်သွင်းလျက်ရှိပါသည်။ ၎င်းအပြင်မော်တော်ယာဉ်နှင့် ပတ်သက်ဆက်စပ်သော အပိုပစ္စည်းများကိုလည်း နိုင်ငံတကာမှာ တင်သွင်းရောင်းချခြင်းနှင့် ကျွမ်း ကျင်သော Technician များဖြင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုပေးလျက် ရှိပါသည်။


ဦးကျော်တင်မြင့်သည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ဒါရိုက်တာအဖွဲ့ ဝင်တစ်ဦးဖြစ်ပါသည်။ Myanmar Agribusiness Public Corporation Limited (MAPCO) တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါသည်။ Kyaung Pyae San Co.,Ltd တွင် ဥက္ကဌဖြစ်ပါသည်။ Hope Flower Trading ၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါသည်။ ဦးကျော်တင်မြင့်သည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးဆေးလုပ်ငန်းရှင်များအသင်းတွင် ဒုတိယဥက္ကဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဦးကျော်တင်မြင့်သည် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ မဟာသုတေသနဘွဲ့နှင့် B.Sc, D.B.L, D.M.L, D.I.L, D.D.S, D.L.I.S, D.A.P, H.G.P ဘွဲ့တို့ကို ရရှိခဲ့ပါသည်။


ဦးမင်းစိန်သည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် ဒါရိုက်တာတစ်ဦး အဖြစ်တာဝန်ထမ်းဆောင်နေပါသည်။ ပထမပုဂ္ဂလဘဏ်လီမိတက်တွင် ဒါရိုက်တာအဖြစ် (၃)နှစ် ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး ပထမပုဂ္ဂလဘဏ်၏ (ဟင်္သာတ) ဘဏ်ခွဲဖြစ်မြောက်ရေးကော်မတီ၊ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ဦးမင်းစိန်သည် ဟင်္သာတမြို့တွင် မီနီမားကက်ဆိုင်လုပ်ငန်း၊ ရာသီထွက်သီးနှံများ ရောင်း ဝယ်ရေးလုပ်ငန်း၊ ကျောက်ကုန်းမြို့တွင် အဖျော်ယမကာစက်ရုံ၊ ချောင်းသာတွင်အသေးစားချေးငွေ လုပ်ငန်း၊ မိုဘိုင်းဖုန်းဆိုင်၊ တည်းခိုခန်းလုပ်ငန်း နှင့် ရန်ကုန်မြို့တွင် City View Services Co. အနေဖြင့် အိမ်ခြံမြေလုပ်ငန်းနှင့် အခြားအကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။


ဒေါ်ရန်လင်းသည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ဒေါ်ရန်လင်းသည် ကမÇာအေးဘုရားလမ်း၌ ဆန်းသစ်လွင်ဖက်ရှင်နှင့် အပ်ချုပ် လုပ်ငန်းအား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကိုရီးယားဆွဲသားစများကို စတင် တင်သွင်းဖြန့် ဖြူးရောင်းချရင်း အပ်ချုပ်လုပ်ငန်းများကို တွဲလျက်လုပ်ကိုင်ခဲ့ပါသည်။ ကမာရွတ်ဆင်မလိုက်ဈေး အနီးတွင် ဆန်းသစ်ဖက်ရှင်နှင့် အပ်ချုပ်လုပ်ငန်းကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ မေလမှ စတင် ၍ ယုဇနပလာဇာတွင် မေလင်းဖက်ရှင်ဆိုင်ကို ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။


ဦးကျော်ဒေဝသည် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ၁၉၇၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အခြေခံပညာအထက်တန်း ကျောင်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ရရှိသောဘွဲ့များမှာ MA (Southeast Asia and the Pacific Studies), Postgraduate Diploma in Economics Studies, Diploma in English, Bachelor of Business Administrations တို့ဖြစ်ပါသည်။ UKD World-Class Int’l Co.,Ltd. ကို ၂၀၀၈ ခုနှစ်တွင် Trading လုပ်ငန်းဖြင့်စတင်တည်ထောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် Construction လုပ်ငန်းကိုပါ ဆက်လက်တိုးချဲ့ လုပ်ကိုင်လျက်ရှိပါသည်။ ယင်းကုမ္ပဏီတွင် Managing Director ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ စီးပွားရေးအသင်းအဖွဲ့ဖြစ် သော UMFCCI တွင် ဗဟိုအလုပ်အမှုဆောင်/ ကုန်သွယ်မှုမြင့်တင်ရေးနှင့် ပြပွဲကော်မတီ အတွင်း ရေးမှူးတာဝန်ကို လည်းကောင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို လည်းကောင်း ထမ်းဆောင်လျက်ရှိပါသည်။ လူမှုရေးဆောင် ရွက်အနေဖြင့်မိသားစု၏ မမြတ်လေးပညာရေး ငွေပဒေသာပင်စိုက်ထူခြင်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ဆုများရွေးချယ်ချီးမြှောက်ခြင်းတို့ ဆောင်ရွက် လျက်ရှိပါသည်။ ဂျပန်နိုင်ငံတွင် IATSS Fourm (Young Leadership Training Program) ၂လ Scholarship ကို ၂၀၁၀ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသဖြင့် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိပြီးနောက် Alumni Association of IATSS Forum Myanmar ၏ ဥက္ကဌ တာဝန်ကို ၂၀၁၄ ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။


ဦးအေးလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုယ်စားပြုသည့် ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိ တက်တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဦးအေးလွင်သည် UMFCCI ၏ တွဲဖက် အထွေထွေအတွင်းရေးမှူးဖြစ်ပါသည်။ UMFCCI သည် ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ကို ကမကထပြု၍ ကြီးကြပ်ဖွဲ့စည်းပေးခဲ့ပါသည်။