၂၀၁၈ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ

၂၀၁၈ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား (၁၆.၁၂.၂၀၁၈)ရက်၊ စနေနေ့ နံနက် (၉း၀၀) နာရီတွင် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်၊ မင်္ဂလာခန်းမတွင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် တင်ပြသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

၂၀၁၇ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ

၂၀၁၇ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ (၁၁) အကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး အား (၃၀ .၁၂. ၂၀၁၇)ရက်၊ စနေနေ့၊ နံနက် ၉:၀၀ နာရီတွင် အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel – ၄ လွှာ၊ ပြည် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင်တင်ပြသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း

၂၀၁၈ ခုနှစ် (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

၂၀၁၈ ခုနှစ် (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးအား (၁၆.၁၂.၂၀၁၈)ရက်၊ စနေနေ့ နံနက် (၉း၀၀) နာရီတွင် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်၊ မင်္ဂလာခန်းမတွင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် တင်ပြသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

၂၀၁၇ ခုနှစ် (၁၁) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

၂၀၁၇ ခုနှစ် (၁၁) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ (၁၁) အကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး အား (၃၀ .၁၂. ၂၀၁၇)ရက်၊ စနေနေ့၊ နံနက် ၉:၀၀ နာရီတွင် အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel – ၄ လွှာ၊ ပြည် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင်တင်ပြသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ရေးဆွဲရခြင်းအတွက် အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ယခင် ၁၉၄၇ အက်ဥပဒေအဟောင်းအား အစားထိုး ပြင်ဆင်လိုက်သည့် ၂ဝ၁၇ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၆)ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးမှ အတည်ပြုခဲ့ပါသည်။ ယခုအခါ ဤဥပဒေသစ်ကို ၂ဝ၁၈၊ သြဂုတ်လ (၁) ရက်နေ့မှစ၍ စတင်အာဏာ သက်ရောက်ပြီး လိုက်နာကျင့်သုံးလျက်ရှိပါသည်။ အဆိုပါ ၂ဝ၁၇ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီ များ ဥပဒေအသစ်ကြီး သည် ရင်းနှီးမြှုပ်နှံသူများနှင့်တကွ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေဘဲ ပေါ့ပေါ့ပါးပါးလုပ်ကိုင်နိုင်ရန် တစ်ဘက်တွင် ဖြေလျော့ထားပြီး၊ အခြားတစ်ဘက်တွင်လည်း လေးလေး စားစား လိုက်နာကျင့်သုံးမှုပြုစေရန် ကြီးမားသော ဒဏ်ငွေများဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။
အဆိုပါ ဥပဒေသစ်၏ အားသာချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သတင်းစာ အပါအဝင် မီဒီယာများမှ ကြော်ငြာထားပြီး ဖြစ်ခြင်းကြောင့် အစုရှယ်ယာရှင်များအနေဖြင့် သိရှိပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ယခင် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတို့ကို ယခုအခါ အမည်အသစ် ဖြင့် တစ်ပေါင်းတည်း ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအဖြစ် ပြန်လည်ရေးဆွဲတင်ပြခြင်း ဖြစ်ပါသည်။
အဆိုပါ ဥပဒေအသစ်ကြီးသည် အရေးပါသော ကိစ္စအတော်များများကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထိုအရေးပါသော အချက်များကို အသစ်ပြန်လည် တင်သွင်းမည့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ခွင့်ပြုထားသည့် အခွင့်အရေးများ လက်လွတ်မသွားစေရန် ထည့်သွင်းဖော်ပြထားပါသည်။ လက်တလော မလိုအပ်သေးသော်လည်း နောင်အနာဂတ် တွင် လိုအပ်လာနိုင်သည့် ပြဌာန်းချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဒါရိုက်တာအဖွဲ့ဝင်များနှင့်တကွ ပညာရှင်များက အထူးသင့်တော်လျော် ညီအောင် မူကြမ်းရေးဆွဲထားခြင်း ဖြစ်ပါသည်။ ထိုမူကြမ်းကို အစုရှယ်ယာရှင် အထွေထွေ အစည်းအဝေးမှ အထူးဆုံးဖြတ်ချက်ဖြစ်သော တက်ရောက်သူအစုရှယ်ယာရှင်များ၏ မဲလေးပုံသုံးပုံ အများစု သဘောတူဆုံးဖြတ် ချက်ဖြင့် ပြင်ဆင်ရမည် ဖြစ်ပါသည်။ သို့ပါ၍ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံမူကြမ်းကို အသေးစိတ်လေ့လာဖတ်ရှု ဝေဖန်အကြံပြုရန်ရှိပါက အကြံပြုနိုင်ရန် အစုရှယ်ယာရှင်များသို့ ယခုစာနှင့်အတူ CD ကြိုတင်ပေးပို့ထားပြီး ယခု လာမည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆုံးဖြတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု

ယခုအခါ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် အစုရှယ်ယာရှင် ၆၅၆ ဦးရှိပြီး (က) အစု ရှယ်ယာ (၈)ဦး အစု(၅၃၂၃၅)နှင့် (ခ)အစုရှယ်ယာ ရှင် (၆၄၈)ဦး၏ အစု (၃၄၆၆၀၃) အစုအရေ အတွက် (၃၉၉၈၃၈) စု – တန်ဘိုး အားဖြင့် ငွေကျပ် ၃,၉၉၈,၃၈၀,၀၀၀ိ/- ကို မတည်ရင်းနှီးပြီး ဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် ရင်းနှီးမြှုပ်နှံမှု

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် ရင်းနှီးမြှုပ်နှံမှု

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူး စီးပွားရေးဇုန်တည် ဆောက်အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် စတင်တည်ထောင်သူတစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီ တစ်ခု အဖြစ်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ကုမ္ပဏီ ၏ ပိုင်ဆိုင်ရင်းနှီးငွေအနက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုငွေ ကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ခဲ့ရာအစုရှယ်ယာပါဝင်မှု ၅% ဖြစ်ပြီး အခြားအများပိုင်ကုမ္ပဏီ (၈) ခု အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ Read more

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX) တွင်ရင်းနှီးမြုပ်နှံမှု

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX)  တွင်ရင်းနှီးမြုပ်နှံမှု

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Limited) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် – ၁၇၈၉/၂၀၁၅-၂၀၁၆ (ရက) (၁၄-၉-၂၀၁၅) ဖြင့် အများနှင့်သတ်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး မြန်မာအက် ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် အကျိုးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူ လယ် သမား၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကားရောင်းချသူများ၊ ပြည်ပ တင်ပို့သူများအား တိုက်ရိုက် ဆက်သွယ်ပေါင်းကူးပေးသော နိုင်ငံတကာ အဆင့်ခေတ်မှီဈေးကြီးအဖြစ် အကောင်အထည်ဖော်ရန်နှင့် Agro Commodity Exchange Center တစ်ခုပေါ် ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် Read more