ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူး စီးပွားရေးဇုန်တည် ဆောက်အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် စတင်တည်ထောင်သူတစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီ တစ်ခု အဖြစ်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ကုမ္ပဏီ ၏ ပိုင်ဆိုင်ရင်းနှီးငွေအနက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုငွေ ကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ခဲ့ရာအစုရှယ်ယာပါဝင်မှု ၅% ဖြစ်ပြီး အခြားအများပိုင်ကုမ္ပဏီ (၈) ခု အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်းမှာ အနာဂါတ် တွင်မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်စေမည့် အလားအလာများစွာ ရှိနေပြီး၊ နိုင်ငံတကာမှ စီးပွားရေး အဖွဲ့အစည်းကြီးများနှင့် ရင်းနှီးမြုပ်နှံကြမည့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကိုလွန်စွာရရှိနေသော စီမံကိန်းကြီး တစ်ခုဖြစ်ပါသည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်)ပတ်ဘလစ် လီမိတက် ( MTSH)ကို ၂၀၁၃ခုနှစ် မေလ(၃) ရက်နေ့ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၄၈၄/၂၀၁၃-၂၀၁၄) ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါသည်။
၎င်းအပြင် GLAD အနေဖြင့် အစုရှယ်ယာထည့်ဝင်ထားသည့် MTSH သည် အစိုးရ၏ ကိုယ်စားလှယ်ဖြစ် သော သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ တည်ထောင်ထားသည့် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲ ရေးကုမ္ပဏီ (TSMC) မှ(၂၀)%၊ MTSH အနေဖြင့် (၈၀)% ထည့်ဝင်ပူးပေါင်းကာ Thilawa Property Development Limited (TPD) ကို ၂၀၁၅ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်တွင် ပထမအဆင့် အဖြစ် အကောင်အထည် ဖော်လျက်ရှိသော ဇုန် “အေ” ရှိ လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက် အဦးများ ရင်းနှီးတည်ဆောက်မှု (Residential & Commercial) အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိ် ပါသည်။
၎င်းလူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင်မြေသားပြုပြင်ခြင်း လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ ယခုအခါ Residential & Commercial Development တစ်ခု လုံးတွင် မြေယာပြုပြင် ရန်လုပ်ငန်းများ၊ မြို့ပြအင်ဂျင်နီယာ (လမ်းနှင့် မြေသားပြုပြင်ရေး) လုပ်ငန်းများ ဖြစ်ကြသည့် လမ်းလုပ်ငန်းများ၊ ရေမြောင်း စနစ်၊ ရေဆိုးသန့်စင်စွန့်ထုတ်ပစ်သည့် လုပ်ငန်းအပါအဝင် ရေနှင့်လျှပ်စစ်မီးလုပ်ငန်း ပြီးစီးနေပြီး ဘဏ်ခွဲများဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှင့် ဓါတ်ဆီဆိုင်များနှစ်ရှည်ဖွင့်လှစ်နိုင်ရန် မြေအငှါးချလုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။ ဟိုတယ်အဆောက်အဦးဆောက်လုပ်ရန် နှစ်ရှည် မြေငှါးရမ်းခြင်းလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်စင်တာများ၊ အရောင်းဆိုင်ခန်းများနှင့် နိုင်ငံတကာအဆင့် ရုံးအဆောက်အဦးများ ဖွင့်လှစ်ဆောင် ရွက်ရန် အထပ်မြင့်အဆောက်အဦးများ တည်ဆောက်ခြင်းလုပ်ငန်းများလည်း မကြာမီ စတင်ဆောင်ရွက်တော့ မည်ဖြစ်ပါသည်။ ထို့ပြင် (၄)ထပ် Shop House ဆိုင်ခန်း များကိုလည်း ဆောက်လုပ် ရောင်းချလျက်ရှိနေပြီ ဖြစ်ပါသည်။ ကုန်တိုက်နှင့်တွဲဖက်လျက် နိုင်ငံတကာအဆင့်မှီ(၈)ထပ် ရုံးအဆောက်အဦးတို့ကိုလည်း ဆက်လက် တည်ဆောက် ရောင်းချငှါးရမ်းသွားရန် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အဆင့်မြင့်လူနေ အဆောက်အဦး Lake View Condo တည်ဆောက်ရေးကိုလည်း စီမံကိန်းချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။
ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (GLAD)၏ ဥက္ကဋ္ဌ ဦးဝင်းအောင်သည် MTSH ဒါရိုက် တာအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၃-၂၀၁၄ ခုနှစ် ကုမ္ပဏီစတင်တည်ထောင်စဉ် ကပင် စတင်ဦးဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော MTSH ၏ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေး (AGM)တွင် လည်းကောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သည့် MTSH ၏ တတိယ အကြိမ်နှစ်ပတ်လည် အသင်း သားစုံညီအစည်းအဝေး(AGM)တွင် လည်းကောင်း ဦးဝင်းအောင်အား ပြန်လည်မဲပေးရွေးချယ်ခဲ့ကြပြီး၊ ဆက်လက် ၍ BOD ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရန် BOD အဖွဲ့ဝင်များမှ တညီတညွတ်တည်း သဘောတူတာဝန်ပေးအပ်ခြင်း ခံခဲ့ပါသည်။ GLAD မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းသည် အဆိုပါ MTSH တွင် Alternative Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (GLAD) မှ MTSH တွင် ရင်းနှီး ငွေကျပ်သိန်း ၁၉၅၀၀ အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပေးအပ်သောအမြတ် (Diveded) ၂၀% အတွက် အမြတ် ဝေစု ကျပ်သိန်း ၃၉၀၀ ကိုလည်းကောင်း၊ ရန်ကုန်စတော့ အိတ်(စ်)ချိန်း (YSX) ဝင်ပြီးနောက် ထပ်မံ၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အစုအရေအတွက် ၁၉၈၄၀၆၀ အပေါ်တွင် ပေးသောအမြတ်၂၅% ဖြစ်သော အမြတ်ဝေစု ငွေကျပ်သိန်း ၄၉၆၀.၁၅ အားလည်းကောင်း အကျိုးအမြတ် လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ YSX စတော့ ဈေးကွက်တွင် MTSH ရှယ်ယာတစ်စု (၁၀၀၀ ကျပ်) ၏ တန်ဖိုးသည် ကျပ် ၄၅၀၀ ခန့် ထိရောက်ရှိနေပြီ ဖြစ်ပါ သည်။
- မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX) တွင်ရင်းနှီးမြုပ်နှံမှု
- ရင်းနှီးမြှုပ်နှံမှု