ရင်းနှီးမြှုပ်နှံမှု

ယခုအခါ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် အစုရှယ်ယာရှင် ၆၅၆ ဦးရှိပြီး (က) အစု ရှယ်ယာ (၈)ဦး အစု(၅၃၂၃၅)နှင့် (ခ)အစုရှယ်ယာ ရှင် (၆၄၈)ဦး၏ အစု (၃၄၆၆၀၃) အစုအရေ အတွက် (၃၉၉၈၃၈) စု – တန်ဘိုး အားဖြင့် ငွေကျပ် ၃,၉၉၈,၃၈၀,၀၀၀ိ/- ကို မတည်ရင်းနှီးပြီး ဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် ရင်းနှီးမြှုပ်နှံမှု

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် ရင်းနှီးမြှုပ်နှံမှု

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူး စီးပွားရေးဇုန်တည် ဆောက်အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (MTSH)တွင် စတင်တည်ထောင်သူတစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီ တစ်ခု အဖြစ်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ကုမ္ပဏီ ၏ ပိုင်ဆိုင်ရင်းနှီးငွေအနက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုငွေ ကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ခဲ့ရာအစုရှယ်ယာပါဝင်မှု ၅% ဖြစ်ပြီး အခြားအများပိုင်ကုမ္ပဏီ (၈) ခု အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ Read more

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX) တွင်ရင်းနှီးမြုပ်နှံမှု

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Ltd -MAEX)  တွင်ရင်းနှီးမြုပ်နှံမှု

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Limited) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် – ၁၇၈၉/၂၀၁၅-၂၀၁၆ (ရက) (၁၄-၉-၂၀၁၅) ဖြင့် အများနှင့်သတ်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး မြန်မာအက် ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် အကျိုးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူ လယ် သမား၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကားရောင်းချသူများ၊ ပြည်ပ တင်ပို့သူများအား တိုက်ရိုက် ဆက်သွယ်ပေါင်းကူးပေးသော နိုင်ငံတကာ အဆင့်ခေတ်မှီဈေးကြီးအဖြစ် အကောင်အထည်ဖော်ရန်နှင့် Agro Commodity Exchange Center တစ်ခုပေါ် ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် Read more

Myanmar National Telecom Holdings Public Ltd (MNTH) တွင်ရင်းနှီးမြုပ်နှံမှု

နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိမည့် MNTH အများပိုင်ကုမ္ပဏီတွင် MNTH အနေဖြင့် စုစုပေါင်း (၂၃%) Star High Public Co မှ (၂၈%) နှင့် ဗီယက်နမ် Vietel Group မှ (၄၉%) ပါဝင်ရန် သဘောတူညီခဲ့ကြပြီး GLAD အနေဖြင့် အောက်ပါကုမ္ပဏီ (၁၀)ခုနှင့်အတူပူးပေါင်းရင်းနှီးမြုပ်နှံလုပ်ကိုင်ရန်၊ ကနဦးရင်းနှီးမြုပ်နှံမှုအနေဖြင့်  USD ၁၀၀၀၀၀ အား ၁၂.၁၀.၂၀၁၅ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ်စဉ် ၄/၂၀၁၅ မှ ဆုံးဖြတ်၍ လည်းကောင်း၊ ကနဦးသုံးစွဲမည့် ရန်ပုံငွေကျပ်သိန်း ၁၀၀ ကိုလည်း ၂၃.၁၀.၂၀၁၅ ရက်နေ့ ပြုလုပ်သည့် ဒါရိုက်တာ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ထပ်မံ၍ ၂၇.၉.၂၀၁၆ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၆) မှဆုံးဖြတ်ချက်ဖြင့် ကျပ်သိန်း ၁၀၀ အား ထပ်မံထည့်ဝင်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ Read more

ကာလတို အကျိုးတူ ကုန်သွယ်မှု

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် အောက်ဖော်ပြပါကုမ္ပဏီများနှင့် ကာလတို အကျိုးတူ ကုန်သွယ်မှုလုပ်ငန်းများ ဖြစ်သော ပြည်တွင်း ပြည်ပဆန်တင်ပို့ ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်း၊ ဓါတ် မြေဩဇာတင်သွင်း ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများကို  အကျိုးတူရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် လျက်ရှိ ပါသည်။

– အောင်နိုင်သစ္စာ ကုမ္ပဏီလီမိတက်
– Myanmar ACME Co.,Ltd.
– City View Real Estate Co.,Ltd.
– မေလင်းဖက်ရှင် နှင့် ဆန်းသစ်လွင် အပ်ချုပ်လုပ်ငန်း
– ဦးချစ်ဆွေ